Powered by Blogger.

နေဘီကီတာကို လာမယ့်နွေရာသီအပြောင်းရွေ့ မှာခေါ်ယူဖို့ သဘောတူညီမူရရှိခဲ့တဲ့ လီဗာပူး



လီဗာပူးအသင်းဟာ လိုက်ပ်ဇစ်အသင်းကွင်းလယ်လူ နေဘီကီတာကိုလာမယ့်နွေရာသီမှာ ကလပ်စံချိန်တင်ကြေးနဲ့ခေါ်ယူဖို့သဘောတူညီလိုက်တယ်လို့သိရပါတယ်။ သူ့ရဲ့တန်ကြေးကပေါင် ၄၈ သန်းရှိမှာဖြစ်လို့ ၂၀၁၁ကကာရိုးလ်ကိုခေါ်တုန်းကပေါင် ၃၅သန်းသုံးစွဲပြီးစံချိန်တင်ခဲ့မှုကိုကျော်ဖြတ်တော့မှာဖြစ်ပါတယ်။

အသက် ၂၂ နှစ်သာရှိသေးတဲ့ ဂီနီယာလက်ရွေးစင်ကို လီဗာပူးကအခုဈေးကွက်အတွင်းမှာခေါ်ဖို့ကြိုးစားခဲ့ပြီး ၂ ကြိမ်ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။

အခုတော့လစ်ပ်ဇ်က သူတို့ဆီမှာကီတာ တစ်ရာသီဆက်နေပြီးရင် ရောင်းဖို့သဘောတူညီလိုက်ပါတယ်။လိုက်ပ်ဇစ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရထားတဲ့အတွက် ကီတာကိုမရောင်းတာလို့လည်းဆိုပါတယ်။

Brucee

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment