Powered by Blogger.

ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာတော့မယ်လို့ပြောဆိုလိုက်တဲ့ လူးကပ်စ်မော်ရာ


မန်ယူအသင်းကခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်နေချိန်မှာ ပီအက်စ်ဂျီတောင်ပံကစားသမားလူးကပ်စ်မော်ရာက ဒီဇန်န၀ါရီမှာအသင်းကနေ ထွက်ခွာဖို့ရှိနေတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

ဘရာဇီးညာတောင်ပံကစားသမားဟာ ပီအက်စ်ဂျီကို နေမာနဲ့ အမ်ဘတ်ပီတို့ရောက်ရှိလာကတည်းက အကန့်အသတ်နဲ့သာကစားခဲ့ရပါတယ်။ အခုရာသီမှာ ပြင်သစ်လီဂူး (၅)ပွဲသာကစားခွင့်ရရှိခဲ့ပြီး တစ်ဂိုးသွင်းခဲ့ကာ (၁)ကြိမ်ဖန်တီးနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ မန်ယူအသင်းဟာ ပြောင်းရွှေ့ကြေးယူရို(၂၅)သန်းဝန်းကျင်နဲ့ မော်ရာကိုခေါ်ယူဖို့စိတ်ဝင်စားတယ်ဆိုပြီး သတင်းတွေထွက်နေပါတယ်။

ကစားသမားကိုယ်တိုင်ကလည်း အင်္ဂလန်ကိုပြောင်းရွှေ့ဖို့ရှိနေတယ်ဆိုပြီး အရိပ်အမြွက်ဖွင့်ဟခဲ့ပါတယ်။ လူးကပ်စ်မော်ရာက “ ဒီမှာဆက်နေဖြစ်မယ်လို့ မထင်ပါဘူး။ အင်္ဂလန်ပရီးမီးယားလိဂ်ကို ကျွန်တော်နှစ်သက်ပါတယ်။ အင်္ဂလိပ်လိဂ်ဟာ ကမ္ဘာပေါ်မှာပြိုင်ဆိုင်မှုအပြင်းထန်ဆုံးလိဂ်ပြိုင်ပွဲပါ။ ကျွန်တော်မိသားစုနဲ့လည်း ဆွေးနွေးသွားမှာဖြစ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

Mocha

#sport.thithtoolwin.com

Ref : skysport
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment