Powered by Blogger.

နေမာကို ကြိုဆိုနေမယ်လို့ ပြောဆိုလိုက်တဲ့ရာမို့စ်




ရီးရဲလ်မက်ဒရစ်နောက်ခံလူ ဆာဂျီယိုရာမို့စ်က သူတို့ဆီကိုနေမာသာပြောင်းလာမယ်ဆိုရင်ကြိုဆိုသွားမယ်လို့ပြောလိုက်ပါတယ်။နေမာဟာပြီးခဲ့တဲ့ နွေရာသီဈေးကွက်တုန်းကဘာစီလိုနာကနေကမ္ဘာ့စံချိန်တင်ကြေးပေါင်သန်း ၂၀၀ နဲ့ပီအက်စ်ဂျီကိုရောက်ရှိသွားတာပါ။ဒါပေမယ့် ပြင်သစ်မှာသူ့အတွက်လွယ်ကူလွန်းတဲ့အတွက်စိတ်ပျက်နေတယ်လို့သတင်းတွေထွက်နေချိန်မှာ ရီးရဲလ်ဥက္က္ထ ပီရက်ဇ်နဲ့သူ့ဖခင်တို့ဆွေးနွေးခဲ့ကြတယ်ဆိုတဲ့သတင်းတွေပေါ်ထွက်လာခဲ့လို့ ရီးရဲလ်ကိုနေမာရောက်တော့မလားဆိုပြီးသုံးသပ်နေကြပါတယ်။ရာမို့စ်က“ကျွန်တော်ကအကောင်းဆုံးကစားသမားတွေကိုအသင်းမှာအလိုရှိတဲ့အတွက်နေမာသာလာကစားမယ်ဆိုရင်ကြိုဆိုမှာပါ။ရီးရဲလ်ကိုတိုက်ရိုက်ပြောင်းတာထက်စာရင်ပီအက်စ်ဂျီကနေတစ်ဆင့်ပြောင်းတာကပိုပြီးလွယ်ကူတယ်မဟုတ်လား။ဘောလုံးမှာဘာမဆိုဖြစ်နိုင်ပါတယ်”လို့ပြောသွားပါတယ်။

Mocha

#thithtoolwinsports

Ref:goal
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment