Powered by Blogger.

အာဆင်နယ်အသင်းရဲ့ ပွဲစဉ် ၁၀ပွဲခန့်ကို လွဲချော်ရတော့မယ့် အိုလီဗာဂီရော့ဒ်


အာဆင်နယ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး ဂီရော့ဒ်ဟာ ကာရာဘောင်ဖလား ၀က်စ်ဟမ်းအသင်းနဲ့ကွာတားဖိုင်နယ်ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် လာမယ့်လန်ဒန်ဒါဘီပွဲစဉ်အပြင် ပွဲစဉ် ၁၀ပွဲ အထိ လွဲချော်တော့မှာဖြစ်တယ်လို့သိရပါတယ်။

အာဆင်နယ်အသင်းဟာ ချဲလ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲအပါအ၀င် ကာရာဘိုဖလား ဆီမီးဖိုင်နယ် ပွဲစဉ် နှစ်ပွဲကစားရမှာ ဖြစ်ပါတယ်။

အာစင်ဝင်းဂါးကတော့ ဂီရော့ဒ်အနေနဲ့ ၃ ပတ်လောက်သာ အနားယူရဖို့ မျှော်လင့်နေတာ ဖြစ်ပြီး ဂီရော့်ဒ်လွဲချော်မယ့် ပွဲစဉ်တွေထဲမှာ ချဲလ်ဆီးအသင်းနှင့်ကစားရမယ့် ပွဲစဉ် ၃ ပွဲလဲ ပါဝင်နေတာဖြစ်ပါတယ်။

အာဆင်နယ်ဆေးအဖွဲ့ရဲ့ ဖော်ပြချက်အရ ဂီရော့ဒ်ဟာ အနည်းဆုံး ၆ ပတ်ခန့်အနားယူရမှာဖြစ်ပြီး ဆောင်းရာသီပွဲစဉ်အားလုံးနီးပါး လွဲချော်မယ်လို့လဲ သိရပါတယ်။

ဂီရော့ဒ် လွဲချော်မယ့် ပွဲစဉ် ၁၀ ပွဲမှာအောက်ပါအတိုင်းဖြစ်ပါတယ်။

Crystal Palace v's Arsenal (Premier League)

West Brom vs Arsenal (Premier League)

Arsenal vs Chelsea (Premier League)

Nottingham Forest vs Arsenal (FA Cup)

Chelsea vs Arsenal (Carabao Cup)

Bournemouth vs Arsenal (Premier League)

Arsenal vs Crystal Palace (Premier League)

Arsenal vs Chelsea (Carabao Cup)

Swansea vs Arsenal (Premier League)

 Arsenal vs Everton (Premier League).



Mocha

#sport.thithtoolwin.com

Ref: goal.com

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment