Powered by Blogger.

မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွေ့ကစားဖို့ အလိုရှိနေတဲ့ ဂါရက်ဘေးလ်


ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဂါရက်ဘေးလ်ဟာ အသင်းမှာပွဲထွက်ကစားခွင့်ပျောက်ဆုံးနေမူအပေါ်စိတ်ပျက်နေပြီးဘာနေဗျူးကို စွန့်ခွာဖို့စဉ်စားနေတယ်လို့သိရပါတယ်။ ဝေးလ်စတားဟာရီးရဲလ်အသင်းမှာတစ်ပတ်လုပ်ခ ပေါင် ၃ သိန်းခွဲရရှိနေတာဖြစ်ပါတယ်။

ဘေးလ်ဟာ လက်ရှိအခြေအနေမှာ နည်းပြဇီဒန်းရဲ့ အရန်အဖြစ်သာ သတ်မှတ်ခံထားရတာကြောင့် မန်ယူသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မန်ယူအသင်းအနေနဲ့ အက်သလက်တီကိုမှ ဂရစ်ဇ်မန်း ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်မှ ဂါရက်ဘေးလ် တို့ကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့လဲ သတင်းတွေက ဖော်ပြနေကြပါတယ်။

အသက် ၂၈ နှစ်အရွယ် ဂါရက်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းနှင့်အတူ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတာ ဖြစ်ပါတယ်

Mocha

#sport.thithtoolwin.com

 Ref: bbc

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment