စပိန်ထပ်သီးကလပ်ဘာစီလိုနာအသင်းဟာ အက်သလက်တီကိုတိုက်စစ်မှူး ပြင်သစ်သားဂရစ်ဇ်မန်းကို ခေါ်ယူဖို့ တရားမ၀င်ချဉ်းကပ်ခဲ့တယ်လို့အက်သလက်တီကိုအသင်းကစွပ်စွဲခဲ့ပြီး ကမ္ဘာ့ဘောလုံးအဖွဲချုပ်ဖီဖာထံကို တိုင်ကြားမူပြုလုပ်ထားတယ်လို့သိရပါတယ်။
အသက် ၂၆နှစ်ရှိတဲ့ တိုက်စစ်မူးဂရစ်ဇ်မန်းဟာအက်သလက်တီကိုနဲ့ ၂၀၂၂ အထိစာချုပ်သက်တမ်းရှိထားသူဖြစ်ပြီး မန်ယူအပါအ၀င်အခြားထိပ်တန်းကလပ်အချို့နဲ့သတင်းထွက်ခဲ့သေးပေမယ့် အက်သလက်တီကိုက ဘာစီလိုနာတစ်သင်းတည်းကိုဘဲတိုင်ကြားခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာဟာမကြာသေးခင်က ဂရစ်ဇ်မန်းရဲ့အေးဂျင်အပြင်သူ့မိသားစုဝင်အချို့နဲ့ပါတွေ့ဆုံခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ယခုလိုတိုင်ကြားမှုကို ဖီဖာဘက်ကလည်းအတည်ပြုထားတယ်လို့သိရပါတယ်။ဘာစီလိုနာအသင်းဟာဖီဖာရဲ့ အရေးယူမူသာခံရမယ်ဆိုရင် အပြောင်းရွေ့ပိတ်ပင်ပြစ်ဒဏ် ချမှတ်ခံရမှာဖြစ်တယ်လို့သိရပါတယ်။
Mocha
#sport.thithtoolwin.com
Ref:
0 comments :
Post a Comment