Powered by Blogger.

ဝက်စ်ဟမ်းနဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရှိသွားတဲ့ အာဆင်နယ်တိုက်စစ်မူးဂျီရော့ဒ်



အာဆင်နယ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ မပါဝင်ပေမယ့် အရန်ခုံကနေပါဝင်ကစားတဲ့အခါတိုင်း အသင်းအတွက်အရေးပါတဲ့အနိုင်ဂိုးတွေကိုသွင်းယူပေးတဲ့ တိုက်စစ်မှူး ဂီရော့ဒ်ဟာ မနေ့ညက၀က်စ်ဟမ်းအသင်းနဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိသွားခဲ့ပါတယ်။

အဆိုပါဒဏ်ရာကြောင့် ပြင်သစ်လက်ရွေးစင်ကစားသမားဟာ လာမယ့်သောကြာနေ့မှာ လီဗာပူးအသင်းနဲ့ကစားရမယ့်ပွဲမှာပါဝင်နိုင်မှာမဟုတ်ဖူးလို့သိရပါတယ်။အဆိုပါပွဲမှာ အာဆင်နယ်အသင်းဟာဝက်စ်ဟမ်းအသင်းကို တစ်ဂိုး၈ိုးမရှိဖြင့်အနိုင်ရခဲ့ပါတယ်။

ဂျီရောဒ့်ဟာ ပွဲကစားချိန် ၇၈မိနစ်မှာတန်ပြန်တိုက်စစ်ဆင်ဖို့လုပ်နေတုန်းမှာဒဏ်ရာရသွားတာဖြစ်ပါတယ်။အာဆင်နယ်နည်းပြအာစင်ဝင်းးဂါးက ဂီရော့ဒ်ရဲ့ဒဏ်ရာကိုကြည့်ရတာသိပ်ကောင်းပုံမရလို့သောကြာနေ့မှာလီဗာပူးနဲ့ကစားရမယ့်ပွဲမှာပါနိုင်မှာမဟုတ်ဖူးလို့ပွဲအပြီးမှာပြောကြားသွားခဲ့ပါတယ်။

Mocha

#sport.thithtoolwin.com

Ref: goal


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment