Powered by Blogger.

ချန်ပီယံလိဂ် ၁၆သင်းအဆင့် ရှုံးထွက်ပွဲစဉ်များထွက်ပေါ်လာ


ချန်ပီယံလိဂ် ၁၆သင်းအဆင့်ပွဲစဉ်များအတွက် မဲခွဲပွဲကိုဆွစ်ဇလန်မှာကျင်းပခဲ့ပြီး ရှုံ့းထွက်ပွဲစဉ်များထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

လက်ရှိချန်ပီယံရီးရဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်မှာအောင်မြင်မူရရှိဖို့အတွက်ပြောင်းရွေ့ ကြေးအမြောက်အများသုံးစွဲကာနာမည်ကြီးကစားသမားများကိုခေါ်ယူထားတဲ့ ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ပရီးမီးယာလိဂ်ချန်ပီယံချဲလ်ဆီးအသင်းကတော့စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။စပါးအသင်းဟာစီးရီးအေချန်ပီယံဂျုဗင်တပ်အသင်းနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ဂျူဗင်တပ် - စပါး
ဘေဆယ် - မန်စီးတီး
ပေါ်တို - လီဗာပူး
ဆီဗီလာ - မန်ယူ
ရီးရဲလ်မက်ဒရစ် - ပီအက်စ်ဂျီ
ရှက်တာဒိုးနက်စ် - ရိုးမား
ချဲလ်ဆီး - ဘာစီလိုနာ
ဘိုင်ယန်မြူးနစ် - ဘတ်ဆစ်တက်
ချန်ပီယံလိဂ် ၁၆သင်းအဆင့်ပွဲစဉ်များကို ၁၃၊ ၁၄ ၊ ၂၀၊၂၁ဖေဖော်ဝါရီ နှင့် ၆၊၇ ၊ ၁၃၊၁၄ မတ်တို့တွင်ကစားမှာဖြစ်ပါတယ်။


Mocha

#sport.thithtoolwin.com

 Ref: bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment