Powered by Blogger.

မက်ဆီနဲ့ခေတ်ပြိုင်ကစားသမားဖြစ်ရတာ ရော်နယ်ဒိုအတွက် ကံမကောင်းဘူးလို့ပြောဆိုလိုက်တဲ့ ရာကီတစ်


ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်လူ အိုင်ဗန်ရာကီတစ်က ရော်နယ်လ်ဒိုဟာ မက်ဆီလို့ကမ္ဘာ့အကောင်းဆုံးကစားသမားနဲ့ ခေတ်ပြိုင်ကစားသမားဖြစ်တဲ့အတွက် ကံမကောင်းဘူးဟု ပြောဆိုလိုက်ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အကောင်းဆုံးဘောလုံးသမားဆု ၅ ကြိမ်ရယူပြီး လီယွန်နယ်မက်ဆီနဲ့ တူညီခဲ့ပြီဖြစ်ပါတယ်။ဒါပေမယ့် ရာကီတစ်က ဘယ်သူကအကောင်းဆုံးလဲဆိုတာ သံသယမရှိပါဘူးလို့ပြောကြားခဲ့ပါတယ်။

ရာကီတစ်က"ခင်ဗျားတို့ကျွန်တော့ အမြင်ကိုသိပြီးသား ဖြစ်နေမှာပါ။ကျွန်တော် ရော်လ်နယ်ဒိုကို လေးစားပါတယ်။ဒါပေမယ့် ကျွန်တော့်အတွက်အကောင်းဆုံးကစားသမားကတော့ လီယွန်နယ် မက်ဆီပါ။သူနဲ့တစ်ချိန်တည်း ပေါ်တဲ့အရည်အချင်းရှိတဲ့ ကစားသမားတွေကတော့ ကံမကောင်းကြပါဘူး"ဟုပြောကြားခဲ့ပါတယ်။

Mocha

#sport.thithtoolwin.com

Ref: BBC
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment