Powered by Blogger.

အီတလီအသင်းက အလိုရှိရင်တော့ ပြန်ကစားပေးမယ်လို့ ပြောဆိုခဲ့တဲ့ ဘူဖွန်




ဂျူဗင်တပ် အသင်းရဲ့ဂိုးသမားဖြစ်သူ ဘူဖွန်ဟာ အီတလီ လက်ရွေးစင် အသင်းမှ အနား ယူခဲ့ပြီဖြစ်သော်လည်း သူ့အားအလိုရှိခဲ့လျှင် နိုင်ငံအတွက်
ပြန် ကစားပေးလိုကြောင်း အရိပ်မြွက်ပြောဆိုခဲ့ပါတယ်။
အီတလီ အသင်းဟာ ယခုနှစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဆွီဒင်အသင်း ကိုအရေးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။အသက် (၃၉) နှစ်ရှိပြီဖြစ်တဲ့ ဘူဖွန်က "ကျွန်တော် လက်ရွေးစင် အသင်းကနေ အနားယူခဲ့ပါပြီ။

ဒါပေမဲ့ အီတလီအသင်းက အလိုရှိနေရင်တော့ ကျွန်တော် ဘယ်တော့မှ ငြင်းပယ်မှာမဟုတ်ပါဘူး
ကျွန်တော် ဟာ အသက်အရွယ်အားဖြင့်လည်း အနားယူသင့်တဲ့အချိန်ရောက်ပါပြီ။တကယ်လို့ အီတလီ အသင်းကဂိုးသမား နေရာအတွက် ကျွန်တော့ကို တောင်းဆိုလာခဲ့လျှင် ကျွန်တော် အသက် (၆၀) ဖြစ်နေတောင်မှ ကျွန်တော် ကစားပေးမှာပါ"ဟုပြောဆိုသွားပါတယ်။

Mocha

#thithtoolwinsports

Ref:goal
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment