Powered by Blogger.

ကာရစ်ကို နည်းပြအဖွဲ့ဝင်အဖြစ် ကမ်းလှမ်းသွားမယ်လို့ပြောဆိုခဲ့တဲ့ မော်ရင်ဟို




မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဝါရင့်ကွင်းလယ်လူမိုက်ကယ်ကာရစ် ကစားသမားဘ၀ကနေအနားယူချိန်မှာ သူ့ကို မန်ယူနည်းပြအဖွဲ့ဝင်ရာထူးနဲ့ ကမ်းလှမ်းသွားမယ်လို့ နည်းပြမော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့က ကာရစ်ဟာ နှလုံးခုန်မမှန်တာကို အသေးစားခွဲစိတ်ကုသမှု ခံယူခဲ့တယ်လို့သိရပါတယ်။

အသက်(၃၆)နှစ်အရွယ်ကစားသမားဟာ စက်တင်ဘာလကတည်းက ကစားနိုင်ခြင်းမရှိပေမယ့် ယခုအခါလေ့ကျင့်ခန်းပြန်ဆင်းနေပြီး လာမယ့်လ အိုးထရက်ဖို့ဒ်မှာစီအက်စ်ကေအေနဲ့ကစားမယ့်ပွဲမှာ ပြန်ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။

မန်ယူနည်းပြမော်ရင်ဟိုကတော့ ကာရစ်ကို အလျင်စလိုပြန်ကစားစေမှာမဟုတ်ဘူးလို့ပြောကြားခဲ့ပါ တယ်။ ဒါ့အပြင် ကစားသမားဘ၀ကနေ ကာရစ်အနားယူချိန်မှာ သူ့အတွက်မန်ယူနည်းပြအဖွဲ့ဝင်ရာထူးတစ်နေရာလွတ်နေတယ်လို့လည်း မော်ရင်ဟိုက ဆိုပါတယ်။

Mocha

#thithtoolwinsports

Ref:bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment