Powered by Blogger.

အမျိုးသမီးဘောလုံးကစားသမား ဟုပ်ဆိုလိုကို မဖွယ်မရာပြုလုပ်ခဲ့တဲ့ ဖီဖာဥက္ကဌဟောင်းဘလတ္တာ




အမေရိကန်အမျိုးသမီးဘောလုံးအသင်းရဲ့ ဂိုးသမားဖြစ်တဲ့ ဟုပ်ဆိုလိုဟာ ဖီဖာဥက္ကဌဟောင်းဘလတ္တာက ၂၀၁၃ အကောင်းဆုံးဆုပေးပွဲမှာလိင်ပိုင်းဆိုင်ရာမဖွယ်မရာလုပ်ခဲ့တယ်လို့စွပ်စွဲလိုက်ပါတယ်။

အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ဆိုလိုဟာအဲဒီတုန်းက ဆုယူဖို့စင်ပေါ်မတက်ခင်မှာ ဘလတ္တာကသူ့ရဲ့တင်ပါးကိုကိုင်ခဲ့တာလို့ပြောခဲ့တာပါ။သူက“စင်ပေါ်မတက်ခင်မှာကျွန်မတင်ပါးကိုသူကိုင်ခဲ့တာလေ။

အဲဒီအချိန်မှာစိတ်လှုပ်ရှားနေတဲ့အတွက် သေချာမသိလိုက်ပါဘူး။ဆုယူပြီးတော့သူ့ကိုလိုက်ကြည့်တော့မရှိတော့တဲ့အတွက် ငါ့ကိုလုံးဝလာမထိနဲ့လို့ပြောခွင့်မသာခဲ့ပါဘူး။သိပ်ကိုဆိုးလွန်းပါတယ်”လို့ပြောသွားပါတယ်။ဘလတ္တာကတော့ဒီစွပ်စွဲမှုဟာရယ်စရာကောင်းတယ်လို့ပြောပြီး ငြင်းချက်ထုတ်သွားပါတယ်။

Mocha

#thithtoolwinsports

Ref:bbc

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment