Powered by Blogger.

မာရက်ဇ်ကို ခေါ်ယူဖို့်ကြိုးစားနေတဲ့ မာဆေးလ်




ပြင်သစ် လီဂူး1ထိပ်သီးကလပ် မာဆေးလ် အသင်းဟာ ဇန်န၀ါရီ အပြောင်းအရွှေ့ ဈေးကွက်ကာလမှာ လက်စတာအသင်းရဲ့အဓိကကစားသမား မာရက်ဇ်ကို ခေါ်ယူဖို့ကြိုးစားမယ်လို့ သိရပါတယ်။ မာရက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ကပရီးမီးယားလိဂ်ရဲ့ PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုရရှိထားတာဖြစ်ပါတယ်။

ကစားသမားဟာဟာ ပြီးခဲ့တဲ့ နွေရာသီမှာ လက်စတာစီးတီး အသင်းကနေ ထွက်ခွာဖို့ အတွက် တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပြီး ရိုးမား အသင်းကို ပြောင်းရွှေ့ဖို့ အတွက် နီးစပ်ခဲ့ဖူးတဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။

 လက်စတာအသင်းက မာရက်ဇ်ကိုပေါင် ၃၂ သန်း တန်ကြေး သတ်မှတ်ထားပြီး ယင်းတန်ကြေးကို ရိုးမား အသင်းက မပေးနိုင်လို့ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့တာ ဖြစ်ပါတယ်။ စပိန် သတင်းစာ ဖြစ်တဲ့ Mundo Deportivo မှ ဆိုရာမှာတော့ မာဆေးလ် အသင်းဟာ မာရက်ဇ်ကို ပြောင်းရွှေ့ကြေး ပေါင် ၂၆.၅ သန်းဖြင့် ခေါ်ယူဖို့ အတွက် ကြိုးစားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

Mocha

#thithtoolwinsports

Ref:daily mail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment