Powered by Blogger.

အိုဇေးလ်ကိုမခေါ်ယူဖို့ ဘာစီလိုနာအသင်းကိုပြောဆိုခဲ့တဲ့ မက်ဆီ




ဘာစီလိုနာအသင်းဟာ အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်ကိုလာမယ့်ဇန်န၀ါရီဈေးကွက်ဖွင့်ချိန်မှာ ခေါ်မယ်လို့သတင်းတွေထွက်နေပေမယ့် မက်ဆီကတော့ ကော်တင်ဟိုကိုဘဲပိုပြီးခေါ်ယူလိုစေတယ်လို့သိရပါတယ်။

မက်ဆီဟာ အိုဇေးလ်ရဲ့ခြေစွမ်းပုံမှန်မရှိမှုကိုစိုးရိမ်နေလို့ ကလပ်ဥက္ကဌ ဘာတိုမြူနဲ့နည်းပြဗယ်ဗာဒီတို့ကို ကော်တင်ဟိုကိုဘဲခေါ်ဖို့တိုက်တွန်းထားတာဖြစ်တယ်လို့ သတင်းမှာဖော်ပြပါတယ်။ဒါ့အပြင် အိုဇေးလ်က ၂၉ နှစ်ရှိနေပြီး ကော်တင်ဟိုက ၂၅ နှစ်သာရှိသေးလို့ပိုပြီးငယ်ရွယ်တဲ့ သူကိုဘဲမက်ဆီကခေါ်စေချင်နေတာဖြစ်ပါတယ်။

ဒါပေမယ့် ဘာစီလိုနာအခက်တွေ့နိုင်တဲ့အချက်က ကော်တင်ဟိုကိုခေါ်ချင်ရင်လာမယ့် နွေရာသီဈေးကွက်ဖွင့်ချိန်အထိစောင့်ရဖို့ရှိနေတာဖြစ်ပြီး အိုဇေးလ်ကိုတော့ ဇန်န၀ါရီမှာတင်ခေါ်လို့ရနိုင်တာဖြစ်ပါတယ်။အာဆင်နယ်ဟာ သူ့ကိုလာမယ့်နွေမှာတစ်ပြားမှမရဘဲလက်လွှတ်ရမယ့်အစား ဆောင်းရာသီဈေးကွက်မှာတင်ပေါင်သန်း ၂၀လောက်နဲ့ရောင်းဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

Mocha

#thithtoolwinsports

Ref:daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment