Powered by Blogger.

လာမယ့်ဘောလုံးရာသီမှာ ကစားသမားနှစ်ယောက်အတွက် စံချိန်တင်ပြောင်းရွေ့ကြေးအသုံးပြုဖွယ်ရှိတဲ့ မန်ချက်စတာယူနိုက်တက်




မန်ယူ အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ကာလမှာ ရီးရဲလ်မက်ဒရစ် အသင်း ကစား သမား ဖြစ်သူ ဂါရတ်ဘေးလ်နှင့် အက်သလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဂရစ်ဇ်မန်းတို့ကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေကြောင်း သိရပါတယ်။

 ရာသီသစ် နွေဈေးကွက်မှာ မန်ယူ အသင်း အနေဖြင့် စံချိန် ငွေကြေး သုံးစွဲမှုများကို ပြုလုပ်သွားဖို့ ရှိနေပြီး ဂါရတ်ဘေးလ်နှင့် ဂရစ်ဇ်မန်းတို့ အနက်မှ တစ်ဦးကို ရအောင် ခေါ်ယူမယ့် အနေအထားလည်း ဖြစ်ကြောင်း Daily Mail က ဆိုထားပါတယ်။

 လက်ရှိ အနေအထားအရ ယခုရာသီ စပိန်လာလီဂါမှာ ဂါရတ်ဘေးလ်ရော ဂရစ်ဇ်မန်းပါ ခြေစွမ်းပိုင်း ရုန်းကန်နေရပြီး ဖိအားများနှင့်လည်း ရင်ဆိုင် နေရတာ ဖြစ်ကြောင်းလည်း သိရပါတယ်။

Mocha

#thithtoolwinsports

Ref:bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment