Powered by Blogger.

အီဗရာကို အသင်းမှထုတ်ပယ်ဖြစ်ဖို့ ဆန္ဒပြမူတွေပြုလုပ်ခဲ့တဲ့ မာဆေးလ်ပရိသတ်များ




မာဆေးလ်အသင်းပရိသတ်များသည် ကေယန်ကို ၅ ဂိုးပြတ်အနိုင်ရသောပွဲတွင် အီဗရာအား အသင်းမှ ထွက်ခွာသွားစေလိုကြောင်း ဆန္ဒကို ထုတ်ဖော်ပြသခဲ့ကြသည်ဟု သိရပါတယ်။

အီဗရာသည် ကြာသပတေးနေ့က ကစားခဲ့သော ယူရိုပါလိဂ်ပွဲစဉ်တွင် အသင်းပရိသတ်များနှင့် ကွင်းဘေးဍ် ပြဿ     နာဖြစ်ပွားခဲ့ပြီး ပရိသတ်တစ်ဦးကို ကွန်ဖူးကစ်ဖြင့် ကန်ကျောက်ခဲ့ရာ ၄င်းအပေါ် ပရိသတ်များ၏ ပြစ်မှတ်ထားခြင်းခံလာရတာဖြစ်ပါတယ်။

မာဆေးလ်ပရိသတ်များက ကေယန်နှင့်ပွဲစဉ်တွင် အီဗရာကို မောင်းထုတ်သည့် စာတမ်းပါ အလံကို လွှင့်ထူခဲ့ကြပြီး အဆိုပါပြင်သစ်လက်ရွေးစင်ကစားသမားအပေါ် မလိုလားသည့် ဆန္ဒကို ပြသခဲ့တာဖြစ်တယ်လို့သိရပါတယ်။

Mocha

#sport.thithtoolwin.com

Ref:daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment