Powered by Blogger.

ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်လိုက်တဲ့ မြောက်အိုင်ယာလန်နောက်ခံလူ ဂျွန်နီအီဗန်





မြောက်အိုင်ယာလန်နောက်ခံလူ ဂျွန်နီအီဗန်ကဆွစ်ဇာလန်ဘက်ကိုပင်နယ်တီပေးခဲ့တဲ့ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ဟာအရမ်းကိုဆိုးရွားပြီး မတရားတဲ့ဆုံးဖြတ်ချက်လို့ပြောလိုက်ပါတယ်။ဒီပွဲမှာ ဆွစ်ဇာလန်က ရှာကီရီရဲ့ကန်ချက်ကို ဂျွန်နီရဲ့ညီ ကော်ရီအီဗန်ကခုခံရာမှာလက်နဲ့တားတယ်ဆိုပြိးရိုမေးနီးယားဒိုင်လူကြီး ဟာတီဂန်ကပင်နယ်တီပေးခဲ့တာဖြစ်ပါတယ်။

အမှန်တကယ်မှာတော့ ကော်ရီရဲ့လက်ကိုဘောလုံးကလာထိခဲ့လို့ မြောက်အိုင်ယာလန်တို့ ခြေစစ်ပွဲအောင်မြင်ရေးမျှော်လင့်ချက်နည်းပါးသွားခဲ့ပြီး နောက်တစ်ကျော့မှာ အပြင်းထန်ကြိုးစားရမှာဖြစ်ပါတယ်။

ဆွစ်ဇာလန်တောင်ပံကစားသမား ရှာကီရီကလည်း ဒိုင်လူကြီးကပင်နယ်တီပေးလိုက်လို့အံအားသင့်ခဲ့ရကြောင်းပြောကြားခဲ့ပြီး မြောက်အိုင်ယာလန်နစ်နာရတယ်လို့ စာနာစကားဆိုခဲ့ပါတယ်။

Mocha

#thithtoolwinsports

Ref: daily mail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment