Powered by Blogger.

ရုရှားကမ္ဘာဖလားပြိုင်ပွဲအတွက် play-offsအဆင့်အသင်းများ ယနေ့မဲခွဲမူပြုလုပ်မည်



၂၀၁၈ ကမ္ဘာ့ဖလားအတွက် ဥရောပဇုန် play-offs အဆင့်မဲခွဲမှုကိုကျင်းပမှာဖြစ်ပြီး ဆွစ်ဇာလန်၊အီတလီ၊ခရိုအေးရှားနဲ့ ဒိန်းမတ်တို့ ဦးစားပေးအဆင့်ရရှိထားတယ်လို့သိရပါတယ်။

တစ်ဖက်မှာ မြောက်အိုင်ယာလန်၊ဆွီဒင်၊အိုင်ယာလန်နဲ့ ဂရိတို့ရှိနေလို့ဘယ်အသင်းတွေထိပ်တိုက်တွေ့မလဲဆိုတာစိတ်ဝင်တစားစောင့်ကြည့်ရမှာပါ။play-offs ပထမအကျော့ကို နိုဝင်ဘာ ၉ ကနေ ၁၁၊ဒုတိယအကျော့ကို နိုဝင်ဘာ ၁၂ ကနေ၁၄ အထိကျင်းပသွားမှာဖြစ်ပါတယ်။

အခုဦးစားပေးအဆင့်သတ်မှတ်မှုဟာဖီဖာကနောက်ဆုံးထုတ်ပြန်ထားတဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်အတိုင်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Mocha

#sport.thithtoolwin.com

Ref:bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment