ဒဏ်ရာပြသနာများနဲ့ ရုန်းကန်နေရတဲ့ချဲလ်ဆီး
ပရီးမီးယာလိဂ်ချန်ပီယံချဲလ်ဆီးအသင်းဟာ ယခုနစ်ဘောလုံးရာသီအစမှာ ရလဒ်ဆိုးတွေကြုံတွေ့နေရပြီး အဓိကကစားသမားတွေဒဏ်ရာရရှိမူများပြားနေတယ်လို့သိရပါတယ်။
ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်လူ မော့ဆက်ဟာခရစ္စတယ်ပဲလေ့စ်ကို ၂-၁ နဲ့ရှုံးတဲ့ပွဲမှာ ရရှိတဲ့ တံကောက်ကြောဒဏ်ရာကြောင့် ၁လလောက်နားရမယ်လို့သိရပါတယ်။သူဟာ မိုရာတာနဲ့ကန်တီတို့ပြီး ရင်ချဲလ်ဆီးမှာ ၂ ပတ်အတွင်းတံကောက်ကြောဒဏ်ရာရတဲ့ ၃ ဦးမြောက်ကစားသမားလည်းဖြစ်လာပါတယ်။
ချဲလ်ဆီးဟာ အောက်တိုဘာလအတွင်းမှာ ပွဲကျပ်တွေရှိနေတဲ့အတွက် အခုလိုဒဏ်ရာပြဿနာတွေကြုံနေတာကိုစိတ်ပူနေပါတယ်။ဒါပေမယ့်လောလောဆယ်မှာတော့တိုက်စစ်မူး မိုရာတာလေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်လို့ဖိအားလျော့သွားရပါတယ်။ချဲလ်ဆီးအတွက် ဂိုးအများဆုံးသွင်းထားတဲ့မိုရာတာဟာ ရိုးမားနဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာပါဝင်ဖို့ရှိနေတယ်လို့လည်းသိရပါတယ်။
Mocha
#sport.thithtoolwin.com
Ref: skysport
0 comments :
Post a Comment