Powered by Blogger.

သောမက်စ်မူနီယာကို ခေါ်ယူဖိုစိတ်ဝင်စားနေတဲ့ ရီရဲလ်မက်ဒရစ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်း



PSG အသင်း နောက်ခံလူ သောမတ်စ်မူနီယာဟာ အသင်းကနေ ထွက်ခွာလိုနေတာ ဖြစ်ပြီး ဒီကစားသမား ကိုတော့ ဥရောပ ထိပ်တန်းကလပ်အသင်းတွေ ဖြစ်တဲ့ မန်ယူ အသင်းနှင့် ရီးရဲလ်မက်ဒရစ် အသင်းတို့က ခေါ်ယူဖို့ အတွက် စောင့်ကြည့်နေကြောင်း သိရပါတယ်။ အဆိုပါ ခံစစ်မှူး ဖြစ်သူဟာ သောကြာနေ့က နိုက်စ် အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရထားခဲ့တဲ့ ပွဲစဉ်မှာ အသင်းရဲ့ အရန်ခုံမှာသာ ထိုင်ခဲ့ရပြီး ပွဲကစားခွင့် မရခဲ့ ပါဘူး။

ယခုရာသီ PSG အသင်းမှာ အရန် လူစာရင်းမှာသာ ကြိမ်ဖန်များစွာ ပါဝင်ခဲ့ရတဲ့ မူနီယာဟာ ယခုအ ချိန်မှာတော့ အသင်းကနေ ထွက်ခွာဖို့ အတွက် စဉ်းစားနေပြီ ဖြစ်ကြောင်း သိရပါတယ်။ သူဟာ ယခုရာသီ အသင်းကို ရောက်လာခဲ့တဲ့ ဘရာဇီး နောက်ခံလူ ဒန်နီအဲလ်ဗက်စ်ရဲ့ အနောက် ဒုတိယဦးစားပေး အဖြစ်သာ ရှိနေရတာ ဖြစ်ကြောင်းလည်း သိရပါတယ်။

Mocha

#sport.thithtoolwin.com

Ref.bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment