Powered by Blogger.

ပေါ့ဂ်ဘာ ပြနိကစားမယ့်အချိန်ကို မသိသေးပါဘူးလို့ ပြောဆိုလိုက်တဲ့ မော်ရင်ဟို



မန်ယူအသင်းနည်းပြမော်ရင်ဟိုက ကွင်းလယ်လူပေါ့ဂ်ဘာဘယ်အချိန်ပြန်ကစားမလဲဆိုတာသူမသိသေးဘူးလို့ပြောလိုက်ပါတယ်။ ပေါ့ဂ်ဘာဟာပြီးခဲ့တဲ့စက်တင်ဘာ ၁၂ကရရှိခဲ့တဲ့တံကောက်ကြောဒဏ်ရာကြောင့်အနားယူနေရသူဖြစ်ပြီး မန်ယူအတွက် ၁၀ ပွဲတိတိလွဲချော်ခဲ့ပြီးဖြစ်ပါတယ်။

လက်ရှိမှာသူ့ဒဏ်ရာဟာအများကြီးတိုးတက်လာပြီလို့သတင်းတွေထွက်နေပေမယ့် မော်ရင်ဟိုကတော့ သူ့ဆီကိုပေါ့ဂ်ဘာလာပြီးလေ့ကျင့်ခန်းမဆင်းသေးလို့ ဘယ်အချိန်ပြန်ကစားမလဲဆိုတာမသိသေးဘူးလို့ဆိုခဲ့ပါတယ်။မော်ရင်ဟိုက“ခင်ဗျားတို့ကပေါ့ဂ်ဘာဘယ်အချိန်ပြန်ကစားမလဲဆိုတာလာမေးပြန်ပါပြီ။

အရိုးသားဆုံးပြောရရင် သူဘယ်တော့ကစားနိုင်မလဲဆိုတာတကယ်မသိသေးတာပါ။ကျွန်တော့်ဆီကိုလည်း လေ့ကျင့်ခန်းလာမဆင်းနိုင်သေးဘဲ တစ်ဦးတည်းပြုလုပ်နေတာပါ။လောလောဆယ် ကျွန်တော့်ရဲ့ထိန်းချုပ်မှုအောက်မှာလည်းသူမရှိသေးပါဘူး”လို့ပြောသွားပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment