Powered by Blogger.

နည်းပြဘီလစ်ကို အခွင့်ရေးပေးလိုက်တဲ့ ၀က်စ်ဟမ်း


ပရီးမီးယာလိဂ်မှာ ရလဒ်တွေဆိုးဝါးနေပြီး ပုံစံကောင်းပျောက်ဆုံးနေတဲ့ ၀က်စ်ဟမ်းအသင်းဟာ နည်းပြဘီလစ်ကို လာမယ့် ပွဲစဉ် ၂ ပွဲ ကိုစောင့်ကြည့်ပြီးအနာဂါတ်အတွက် ဆုံးဖြတ်ပေးမယ်လို့သိရပါတယ်။

 နည်းပြဘီလစ် အနေဖြင့်လည်း အသင်းကနေ ထုတ်ပယ်ခံရခြင်း မရှိစေဖို့ မဖြစ်မနေ အဆိုပါ ပွဲစဉ်တွေမှာ ရလဒ်ကောင်းအောင် ကြိုးစားရတော့မှာ ဖြစ် ပါတယ်။

 နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် ရလဒ်နှင့် ရပ်တည်မှုအရ ဖိအားဝင်နေရတဲ့ ၀က်စ်ဟမ်း အသင်း နည်းပြ ဘီလစ်ဟာ တနင်္လာနေ့မှာတော့ အသင်း ပူးတွဲပိုင်ရှင် ဖြစ်သူ ဒေးဗစ်ဆူလီဗန်နှင့် တွေ့ဆုံမှာ ဖြစ်ပါတယ်။

 တန်းတက် ဘရိုက်တန် အသင်းကို အိမ်ကွင်းမှာ ရှုံးခဲ့ပြီးနောက် ၀က်စ်ဟမ်း အသင်းဟာ ၎င်းတို့ အသင်း နည်းပြ ဘီလစ် နေရာမှာ အခြား နည်းပြ တစ်ဦးနှင့် အစားထိုး ခန့်အပ်ဖို့ကို စတင် စဉ်းစားနေပြီ ဖြစ်တယ်လို့သိရပါတယ်။

Mocha

#sport.thithtoolwin.com

Ref:the sum
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment