Powered by Blogger.

စပါးအသင်းနဲ့ပွဲစဉ်မှာ ဖီးဂျုံးလ်ပြန်လည်ပါဝင်လာမယ်လို့ ပြောဆိုလိုက်တဲ့




လာမယ့်စနေနေ့မှာ ယှဉ်ပြိုင်ကစားမယ့်ပရီးမီးယာလိဂ်ထိပ်သီးအသင်းကြီးနှစ်သင်းဖြစ်တဲ့ မန်ယူအသင်းနဲ့ စပါးအသင်းတို့တွေ့ဆုံမှာဖြစ်ပါတယ်။ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲပျောက်နေတဲ့ မန်ယူအသင်းဟာ ခြေစွမ်းကောင်းမွန်နေတဲ့  စပါးနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အားထားရတဲ့ နောက်ခံလူ ဖီးလ်ဂျုံးစ် ပါဝင်နိုင်မယ်လို့ မော်ရင်ဟိုက အတည်ပြုပြောဆိုလိုက်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ဟာ ဟက်ဒါဖီးလ်နဲ့ပွဲမှာ ဒဏ်ရာရခဲ့ပြီး သူထွက်သွားပြီး သိပ်မကြာခင်မှာပဲ မန်ယူဟာ ဂိုး ၂ ဂိုးပေးလိုက်ရတာပါ။

 ဒါပေမဲ့ ဖီးလ်ဂျုံးစ်ရဲ့ပေါင်ကြွက်သားဒဏ်ရာဟာ ကြားရက်မှာပဲ အချိန်မီပြန်ကောင်းခဲ့တယ်လို့ မော်ရင်ဟိုက အတည်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က လီဗာပူးကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ စပါးဟာ မန်ယူနဲ့ ရမှတ်တူနေပြီး ထိပ်ဆုံးက မန်စီးတီးနဲ့ ၅ မှတ်အကွာမှာ ရပ်တည်နေပါတယ်။

Mocha

#sport.thithtoolwin.com

Ref:bbc

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment