အီကာဒီရဲ့ ဟတ်ထရစ်ဂိုးနဲ့ မီလန်ဒါဘီမှာ အနိုင်ရရှိခဲ့တဲ့ အင်တာမီလန်
ယနေ့မနတ်အစောပိုင်းကယှဉ်ပြိုင်ကစားသွားခဲ့တဲ့အီတလီစီးရီးအေ အသင်ကြီးနှစ်သင်းဖြစ်တဲ့အင်တာမီလန်အသင်းနဲ့ အေစီမီလန်အသင်းတို့ရဲ့ မီလန်ဒါဘီပွဲစဉ်မှာ အိမ်ရှင်အင်တာမီလန်အသင်းက တိုက်စစ်မူးအီကာဒီရဲ့ နောက်ကျသွင်းဂိုးနဲ့ အတူအီကာဒီရဲ့ ဟတ်ထရစ်ဂိုးဖြင့် အေစီမီလန်အသင်းကို ၃ - ၂ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။
မီလန်ဒါဘီပွဲစဉ်ဟာအကြိပ်အနယ်ရှိလှပြီးတစ်အသင်းနဲ့အပြန်လှန်သွင်းဂိုးတွေနဲ့ မြိုင်ဆိုင်ခဲ့ပါတယ်။နှစ်သင်းစလုံးရဲ့ အပြန်လှန်သွင်းဂိုးတွေနဲ့ ပွဲပြီးခါနီးထိ ၂- ၂သရေကျနေပြီး နောက်ဆုံးမိနစ် ၉၀မှာအင်တာမီလန်အသင်းကပင်နယ်တီရရှိခဲ့ပြီး တိုက်စစ်မူးအီကာဒီကအမှားယွင်းမရှိကန်သွင်းကာ အနိုင်၃မှတ်ကို ရယူနိုင်ခဲ့ပါတယ်။
အင်တာအသင်းဟာဒီရာသီစီးရီးအေရှစ်ပွဲမှာလုံးဝရှုံးပွဲမရှိခဲ့ဘဲ ၇ပွဲနိုင် တစ်ပွဲသရေ ရမှတ် ၂၂မှတ်နဲ့ဒုတိယနေရာမှာရပ်တည်နေပြီးလာမည့်တစ်ပတ်မှာတော့ထိပ်ဆုံးကနာပိုလီနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။
Mocha
#sport.thithtoolwin.com
Ref: goal
0 comments :
Post a Comment