ချဲလ်ဆီးအသင်းရဲ့ နာမည်ကြီးကွင်းလယ်လူ ဟာဇက်က လာမယ့်၂၀၁၇ ခုနှစ်အတွက်ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားကို ရွေးချယ်ချီးမြင့်မယ့်Ballon d’Orဆုကိုရရှိဖို့ရေပန်းမစားဘူးလို့ပြောဆိုလိုက်ပါတယ်။ ချဲလ်ဆီးစတားဟာBallon d’Orဆုအတွက်ပမာဏကစားသမား ၃၀ ဦးစာရင်းမှာပါဝင်နေပါတယ်။
ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးအသင်းပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ရာမှာအဓိကကျခဲ့တဲ့အတွက် ကစားဖော်ကန်တီနဲ့အတူ ပမာဏစာရင်းမှာပါဝင်လာတာဖြစ်ပါတယ်
ဘယ်လ်ဂျီယံစတားဟာဇက်က“ကျွန်တော့ထက်ကောင်းတဲ့သူတွေအများကြီးရှိလို့ ဒီဆုကိုရဖို့မလွယ်ပါဘူး၊ပမာဏစာရင်းမှာပါဝင်ခွင့်ရရှိခဲ့တာကို ဂုဏ်ယူမိပါတယ် ၊ချဲလ်ဆီးအသင်းဖော်တွေကိုလည်းဒီစကာတင်စာရင်းမှာပါဝင်လာအောင်ကူညီပေးတဲ့အတွက်ကျေးဇူးတင်မိပါတယ် ၊ဒီဆုကို စီရော်နယ်ဒိုတို့ဘဲရယူနိုင်သွားမယ်လို့ထင်မြင်မိပါတယ် ၊ဘာလို့လဲဆိုတော့ရော်နယ်ဒိုဟာ ဆုဖလားအားလုံးကိုရယူထားနိုင်တာဖြစ်တယ်"လို့ ပြောဆ်ုလိုက်ပါတယ်။
Mocha
#sport.thithtoolwin.com
Ref: daily mail
0 comments :
Post a Comment