Powered by Blogger.

ဒဏ်ရာပြသနာကြောင့် သုံးပါတ်ကြာအနားယူရတော့မယ့် ဘိုင်ယန်တိုက်စစ်မှူး မူလာ


ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူးမူလာဟာ ပြီးခဲ့တဲ့အပါတ်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစဉ် ဟမ်းဘတ်ကို ၁-၀ နဲ့နိုင်တဲ့ပွဲမှာရရှိခဲ့တဲ့တံကောက်ကြောဒဏ်ရာကြောင့် ၃ ပတ်ကြာနားရမယ်လို့သိရပါတယ်။မူလာဟာ ဒီဒဏ်ရာကိုပွဲချိန် ၁၀ မိနစ်ကတည်းကရရှိခဲ့တာဖြစ်ပါတယ်။

ဂျာမဏီကစားသမားကိုကလပ်အသင်းရဲ့ ဆေးအဖွဲ့တွေကဆေးစစ်ပြီးတဲ့နောက် ၃ ပတ်ကြာအနားယူရတော့မယ်လို့ ကလပ်အသင်းဘက်ကလည်းအတည်ပြုခဲ့ပါတယ်။

ဒါကြောင့် မူလာဟာ လစ်ပ်ဇစ်၊ဒေါ့မန်တို့နဲ့ပွဲတွေကိုသာမက ဆဲလ်တစ်အသင်းနဲ့အဝေးကွင်းကစားရမယ့်ချန်ပီယံလိဂ်ပွဲကိုပါလွဲချော်မှာဖြစ်ပါတယ်။

Mocha

#sport.thithtoolwin.com

Ref:bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment