Powered by Blogger.

ဖီဖာအကောင်းဆုံးကစားသမားဆုကို ၂နှစ်ဆတ်ဆွတ်ခူးခဲ့တဲ့ ခရစ်စတီယာနိုရော်နယ်ဒို



၂၀၁၇ခုနှစ်အတွက် ဖီဖာအကောင်းဆုံးကစားသမားဆုကို ရီးရဲလ်မက်ဒရစ်နဲ့ ပေါ်တူဂီစတား ခရစ္စတီယာနိုရော်နယ်ဒိုကပဲ ဆက်လက်ဆွတ်ခူးရရှိသွားပါတယ်။

၂၀၁၇ခုနှစ်အတွင်း ပြိုင်ပွဲအရပ်ရပ်မှာ ဂိုး ၄၀ကျော်သွင်းခဲ့ပြီး ချန်ပီယံလိဂ်နဲ့ လာလီဂါချန်ပီယံဆုတွေကို ရီးရဲလ်မက်ဒရစ် ဆွတ်ခူးနိုင်ခဲ့ရာမှာ သူ့သွင်းဂိုးတွေက အရေးပါခဲ့ပြီး ဒီဆုကိုထိုက်ထိုက်တန်တန်ရရှိခဲ့တာဖြစ်ပါတယ်။

အကောင်းဆုံးနည်းပြဆုကို ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက ရရှိခဲ့ပြီး အကောင်းဆုံးသွင်းဂိုး(ပွတ်ရှ်ကတ်ဆု)ကိုတော့ အာဆင်နယ်တိုက်စစ်မှူး ဂျရူးက ရရှိခဲ့ပါတယ်။

အကောင်းဆုံးဂိုးသမားဆုကိုတော့ ဂျူဗင်တပ်စ်အသင်းရဲ့ ၀ါရင့်ဂိုးသမားကြီး ဘူဖွန်က နော်ယာနဲ့ ကေလာနာဗက်စ်တို့ကိုကျော်ပြီးရရှိခဲ့ပါတယ်။

တခြားအကောင်းဆုံးဆုများကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

အကောင်းဆုံးအမျိုးသမီးကစားသမားဆု - မာတင်(ဟော်လန်)
အကောင်းဆုံးအမျိုးသမီးအသင်းနည်းပြဆု - ဆာရီနာဝက်ဂ်မန်း(ဟော်လန်)
ဖီဖာပရိသတ်ဆု - ဆဲလ်တစ်ပရိသတ် .

Mocha

#sport.thithtoolwin.com

Ref:bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment