Powered by Blogger.

ဂျာမန်ဘီးလူကြီးကို ဂိုးပြတ်ခြေမှုန်းနိုင်ခဲ့တဲ့ ပီအက်စ်ဂျီအသင်း


ချန်ပီယံလိဂ်ပြိုင်ပွဲ ရဲ့အုပ်စုဒုတိယပွဲစဉ်မှာ အသင်ကြီးနှစ်သင်းဖြစ်တဲ့ပီအက်စ်ဂျီအသင်းနဲ့ဘိုင်ယနိမြူးနစ် တို့တွေ့ ဆုံတဲ့ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မူးတွေ ခြေစွမ်းပြပြီး ဂိုးပြတ် ရလဒ်နဲ့အနိုင်ယူခဲ့ပါတယ်။နွေရာသီအပြောင်းရွေ့မှာ ငွေကြေးအမြောက်အမြားအသုံးပြုပြီးကစားသမားကောင်းတွေခေါ်ယူခဲ့တဲ့ ပီအက်စ်ဂျီရဲ့အောင်မြင်မူလို့ဆိုရမှာပါ။

ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းကတော့ ယခုနှစ်ဘောလုံးရာသီမှာခြေစွမ်းကျဆင်းမူတွေနဲ့ကြုံတွေ့နေရပြီးဘွန်ဒက်လီဂါမှာလည်း ရလဒ်တွေဆိုးဝါးနေတာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းကို  ဘောလုံးပိုင်ဆိုင်မှုများစွာနဲ့ ဖိကစားခဲ့ပေမယ့် တန်ပြန်တိုက်စစ် ကနေ ပီအက်စ်ဂျီအသင်းက အခွင့်အရေးတွေယူပြီး အနိုင်ခဲ့တာပါ။ ပွဲအစပိုင်း ၂မိနစ်မှာ နေမာပေးတာကနေ အဲဗက်စ် အဖွင့်ဂိုးသွင်းခဲ့တာပါ။ ဆက်တိုက်ပဲ ကာဗာနီက နောက်ထပ် တစ်ဂိုးနဲ့ ဒုတိယပိုင်း၆၃မိနစ်မှာ နေမာက နောက်ထပ်တစ်ဂိုးသွင်းခဲ့လို့ PSG က ဘိုင်ယန်ကို ၃ဂိုးပြတ်နဲ့ အနိုင်ရယူခဲ့တာ ဖြစ်ပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment