Powered by Blogger.

အက်သလက်တီကိုမက်ဒရစ်အသင်းကို နောက်ကျသွင်းဂိုးနဲ့အနိုင်ယူခဲ့တဲ့ ချယ်လ်ဆီး




ယနေ့မနတ်အစောပိုင်းမှာယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့် ဒုတိယပွဲစဉ်တွေမှာတော့ ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ ချယ်လ်ဆီး၊ မန်ချက်စတာယူနိုက်တက်အပါအ၀င် အသင်းကြီးတွေ အနိုင်ရခဲ့ကြပါတယ်။

ချယ်လ်ဆီးအသင်းဟာ အိမ်ကွင်းမာကျောတဲ့ အက်သလက်တီကိုမက်ဒရစ်ကို နောက်ကလိုက်ပြီး အဝေးကွင်းမှာ နိုင်ခဲ့ တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ချယ်လ်ဆီးဟာ တစ်သင်းလုံး အကောင်းဆုံး ကစားနိုင်ခဲ့ပြီး အိမ်ရှင်အသင်းကို အပြန်အလှန် ကစားနိုင်ခဲ့တာပါ။

အက်သလက်တီကိုက ပထမပိုင်းပြီးခါနီးမှ ပင်နယ်တီရပြီး ဂရစ်ဇ်မန်းက ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်း မိနစ် ၆၀မှာ ချယ်လ်ဆီးအသင်းချေပဂိုး ရရှိပြီး ဟာဇတ်ရဲ့ ဖြတ်တင်ဘောကနေ  မိုရာတာ ခေါင်းတိုက်သွင်းခဲ့တာဖြစ်ပါ တယ်။ တစ်သင်းနဲ့ တစ်သင်း အကြိတ်အနယ်ကစားခဲ့ပြီး သရေကျမလိုဖြစ်ပြီးမှ အချိန်ပိုနောက်ဆုံးမိနစ်မှာ လူစားဝင်လာတဲ့ ဘတ်ရှုဝါရီရဲ့ သွင်းဂိုးနဲ့ အနိုင်သုံးမှတ်ရယူနိုင်ခဲ့ပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment