Powered by Blogger.

ယူရို ၁သန်းနဲ့ပင်နယ်တီကန်ခွင့်ကို ကာဗာနီထံတောင်းဆိုခဲ့တယ်ဆိုတဲ့ သတင်းကို ငြင်းဆိုခဲတဲ့ ပီအက်စ်ဂျီအသင်း




ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းမှာအသင်းရဲ့ တိုက်စစ်မှူး တွေဖြစ်တဲ့ ကာဗာနီ နဲ့ နေမာတို့ ဟာ ပင်နယ်တီကန်ခွင့်တာဝန်နဲ့ပါတ်သတ်ပြီး ကစားသမားအချင်းချင်းမပြေလည်ဖြစ်နေကျတယ်လို့ သိရပါတယ်။
ကာဗာနီဟာပြီးခဲ့တဲ့စက်တင်ဘာ ၁၈ရက်နေ့ ကလိုင်ယွန်အသင်းကို ၂-၀ နဲအ့နိုင်ရရှိခဲ့တဲ့ပွဲမှာ ပင်နယ်တီကန်ခွင့်နဲ့ပတ်သက်ပြီး နေမာနဲ့အချင်းများခဲ့တာဖြစ်ပါတယ်။

ထွက်ပေါ်လာတဲ့သတင်းတွေအရ ပီအက်စ်ဂျီအသင်းတာဝန်ရှိသူတွေဟာကာဗာနီကို နေမာထံ ပင်နယ်တီကန်ခွင့်လွဲ ပေးဖို့ တောင်းဆိုခဲ့ပြီး ဆုကြေးငွေယူရို ၁သန်းပေးမယ်လို့ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် ပီအက်စ်ဂျီအသင်းဟာ အဆိုပါသတင်းကိုပြန်လည်ငြင်းဆိုသွားခဲ့ပြီး ယူရို၁သန်းနဲ့ ကမ်းလှမ်းမူပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းမှာကောလဟာလဟာဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Mocha

#sport.thihtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment