Powered by Blogger.

ရာမို့စ်ကို ရီးယဲလ်စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေ



ရီးယဲလ်ဟာ လတ်တလော သီတင်းပတ်တွေမှာ အနာဂါတ်အတွက် ပြင်ဆင်နေပြီး သူတို့ရဲ့ အဓိကကစားသမားတွေကို စာချုပ်သက်တမ်းတိုးမြှင့်မှုတွေ ပြုလုပ်နေပြီး ဒီအထဲမှာ ကာဗာဟယ်လ်၊ ဘန်ဇီမာ၊ မာဆယ်လိုနဲ့ အစ္စကိုတို့လို စီနီယာကစားသမားတွေ ပါဝင်ပါတယ်။

နောက်ထပ်ထွက်လာတဲ့သတင်းအရ အသင်းခေါင်းဆောင် ရာမို့စ်ကိုလည်း ရီးယဲလ်အနေနဲ့ ၂၀၂၁ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ်ကို ထပ်မံချုပ်ဆိုဖို့ ပြင်ဆင်နေကြောင်း သတင်းထွက်လာပါတယ်။

ဗဟိုနောက်ခံလူအနေနဲ့ ရီးယဲလ်နဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့တာ ပြီးခဲ့တဲ့ ၂၀၁၅ခုနစ်ကတည်းက ဖြစ်ပြီး သက်တမ်းက ၂၀၂၀ခုနှစ်အထိကျန်နေသေးပေမယ့် အဓိက နောက်တန်း ကျောက်ဆောင်ကို နှစ်အတော်ကြာထိန်းထားဖို့ ရီးယဲလ်က ဆန္ဒရှိနေခဲ့တာပါ။

ဒါဟာဆိုရင် ကစားသမားအနေနဲ့ စာချုပ်သက်တမ်း ကုန်တဲ့အထိ ကစားမယ်ဆိုရင် ရီးယဲလ်လိုအသင်းကြီးမှာ ၁၇ရာသီကြာ ဖြတ်သန်းပြီးဖြစ်မှာ ဖြစ်ပြီး အံ့အားသင့်ဖွယ် နှုန်းထားတစ်ရပ်လည်း ဖြစ်လာမှာပါ။


Bruce

#sport.thithtoolwin.com

Ref: Marca

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment