Powered by Blogger.

ဂရစ်ဇ်မန်းရဲ့စာချုပ်တန်ကြေးကို လျှော့ချခဲ့တယ့် အက်သလက်တီကိုမက်ဒရစ်


အက်သလက်တီကိုမက်ဒရစ်အသင်းဟာ အဓိကတိုက်စစ်မှူးဂရစ်ဇ်မန်းမန်းရဲ့စာချုပ်တန်ကြေးကို ယူရိုသန်း ၁၀၀အထိလျှော့ချခဲ့တယ်လို့သိရပါတယ်။ ဂရစ်ဇ်မန်းဟာဇူလိုင်လတုန်းက အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး စာချုပ်လျော်ကြေးကိုယူရိုသန်း ၂၀၀ထိ သတ်မှတ်ခဲ့တာပါ။

ဒါဟာပြီးခဲ့တဲ့ဈေးကွက်အတွင်းမှာ သူ့ကိုမခေါ်နိုင်အောင်လို့ရည်ရွယ်ခဲ့တာဖြစ်ပေမယ့် အခုဈေးကွက်ပိတ်သွားချိန်မှာတော့ သဘောတူညီထားတဲ့အတိုင်း တန်ကြေးကိုထက်ဝက်လျှော့ချပေးခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်မှာအသုံးပြုနေတဲ့ စတာလင်ပေါင်နဲ့တွက်မယ်ဆိုရင်တော့ သူ့ရဲ့မူလတန်ကြေးပေါင် ၁၈၄ သန်းကနေ ပေါင် ၉၂ သန်းအထိလျှော့ချပေးလိုက်တာဖြစ်ပါတယ်။

#sport.thithtoolwin.com

Ref: daily mail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment