ဘာစီလိုနာအသင်းဟာ အသင်းရဲ့အဓိကကစားသမား နေမာကို ပီအက်စ်ဂျီ အသင်းထံ ပေါင် သန်း ၂၀၀ ခန့်နဲ့ ရောင်းချခဲ့ပြီး နေမာရဲ့နေရာကိုပြန်လည်ဖြည့်တင်းဖို့အတွက် ဒေါ့မွန်အသင်းရဲ့ ကစားသမား ဒမ်ဘီလီကို ပေါင် သန်း ၁၀၀ ခန့်နဲ့ ပြန်လည်ခေါ်ယူခဲ့ပါတယ်။
သို့သော်လည်းပဲ နည်းပြ ဗယ်ဗာဒီဟာ အသင်းကို နောက်ထပ်ဖြည့်တင်းမှု ပြုလုပ်ချင်သေးတဲ့အတွက် လီဗာပူးအသင်းက ကော်တင်ဟိုနဲ့ ပီအက်စ်ဂျီ အသင်းက တောင်ပံ ကစားသမား ဒီမာရီယာတို့ကို ခေါ်ယူဖို့ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် ခေါ်ယူနိုင်ခဲ့ခြင်းတော့မရှိခဲ့ပါဘူး။
အစီရင်ခံချက်တွေအရ ဒီမာရီယာကို ဘာစီလိုနာအသင်းထံ မပြောင်းရွေ့ဖို့ ရိုနယ်ဒိုက အကြံပေးတားမြစ်ခဲ့တယ်လို့သိရပါတယ်။ အသင်းဖော်တွေဖြစ်ခဲ့ကြတဲ့ ရိုနယ်ဒိုနဲ့ ဒီမာရီယာတို့ဟာ ရင်းနှီးတဲ့ ဆက်ဆံရေးတွေရှိနေဆဲပါ။ ရိုနယ်ဒိုဟာ ပြိုင်ဘက်ဘာစီလိုနာအသင်းထံ ဒီမာရီယာရောက်ရှိသွားမှာကို စိုးရိမ်တဲ့အတွက် တားမြစ်ခဲ့ပုံပါပဲ။
ဘာစီလိုနာအသင်းကတော့ ကော်တင်ဟိုကို အကြိမ်ကြိမ်ကမ်းလှမ်းခဲ့ပေမယ့် လီဗာပူးအသင်းကတော့ အပြောင်းအရွေ့ပိတ်သည်အထိ ငြင်းပယ်လို့သွားခဲ့ပါတယ်။ ဒါကြောင့် ဘာစီလိုနာဟာ ဒီမာရီယာအတွက် ပေါင် ၅၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပီအက်စ်ဂျီ အသင်းကတော့ ပယ်ချသွားခဲ့ပါတယ်။
Mocha
#sport.thithtoolwin.com
Ref:
0 comments :
Post a Comment