ပြီးခဲ့သည့်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်အဆင့် ၂ရရှိခဲ့သည့် စပါးလ်အသင်းသည် ယခုနွေရာသီအပြောင်းအရွေ့ ကာလအတွက် တတိယမြောက်ကစားသမားခေါ်ယူမှုအဖြစ် အာဂျင်တီးနားကလပ်အက်စတူဒီယမ်တက်စ်ဒီလာပလာသာ မှလူငယ်ဗဟိုနောက်ခံကစားသမား ဟွမ်ဖွိုက်အား ပြောင်းရွေ့ကြေးပေါင် ၈သန်းဖြင့် အပြီးသတ်ခေါ်ယူနိုင်လိုက်ပြီဖြစ်ကြောင်း တရားထုတ်ပြန်ကြေညာခဲ့သည်။
အသက် ၁၉နှစ်အရွယ်သာရှိသေးသည့် ဟွမ်ဖွိုက်သည် အာဂျင်တီးနား ယူ-၂၀ လက်ရွေးစင်အသင်းတွင် ၁၂ပွဲထိပါဝင်ကစားထားပြီး ဒီလာပလာသာအသင်းတွင် ၇ပွဲသာပါဝင်ကစားခွင့်ရရှိထားသော်လည်း စပါးလ်နည်းပြပိုချက်တီနို၏ခေါ်ယူခြင်းကိုခံခဲ့ရသူဖြစ်သည်။
စပါးလ်အသင်းသည် ယခုနွေရာသီအပြောင်းအရွေ့ ကာလတွင် ဂိုးသမားဂါဇာနီဂါ၊ နောက်ခံလူများဖြစ်သည့် ဒေဗီစန်ဆန်းချက်ဇ်၊ ဟွမ်ဖွိုက်တို့  အားခေါ်ယူထားနိုင်ပြီဖြစ်သည့်အပြင် ပီအက်စ်ဂျီနောက်ခံလူ ဆာဂျီအော်ရီယာအားထပ်မံခေါ်ယူရန်လည်းသဘောတူညီမှုရရှိထားပြီဖြစ်သည်။
#sport.thithtoolwin.com
Ref: daily mail
0 comments :
Post a Comment