Powered by Blogger.

ဘာပေကိုခေါ်ယူဖို့ PSG သဘောတူညီမှုရခဲ့ပြီဖြစ်ကြောင်း သတင်းထွက်လာ



ပြင်သစ်လီးဂူးကလပ် ပီအက်စ်ဂျီအသင်းဟာ နေမာကိုကမ္ဘာစံချိန်တင်ပြောင်းရွေ့ ကြေးဖြင့် ခေါ်ယူရရှိပြီးနောက် မိုနာကိုအသင်းရဲ့ ပြင်သစ်သားလေးကိုင်လီအမ်ဘက်ပီကိုလည်းပြောင်းရွေ့ ကြေးအမြောက်အများဖြင့်  ခေါ်ယူရရှိခဲ့ပြီလို့ သတင်းထွက်လာခဲ့ပြန်ပြီဖြစ်ပါတယ်။

အဆိုပါတိုက်စစ်မူးလေးကို ဥရောပအသင်းကြီးတွေဖြစ်တဲ့  အာဆင်နယ်၊မန်စီးတီး၊ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်အသင်းတို့ ကခေါ်ယူရန်ကြိုးစားနေတာကိုတွေ့ ရပါတယ်။

အီတလီသတင်းစာတွေရဲ့ ဖော်ပြချက်အရအမ်ဘက်ပီ ရဲ့ အေ့ဂျင့် ဂျော့မန်ဒက်ဟာ ပီအက်စ်ဂျီနည်းပြ အူးနိုင်းအမ်မရီနဲ့ တွေ့ ဆုံနေပြီး ပြောင်းရွေ့ ကြေး ပေါင် ၁၆၂သန်းဖြင့် သဘောတူညီမူရရှိခဲ့ပြီလို့ အခိုင်အမာဖော်ပြထားတာကိုတွေ့ ရပါတယ်။

အဆိုပါပြင်သစ်သားလေးဟာ ပြင်သစ်မြေမှာဘဲဆက်လတ်ကစားလိုနေတာကြောင့် ပြောင်းရွေ့ ကြေးအမြောက်အများနဲ့ ကမ်းလှမ်းနေတဲ့ လီဂူးကလပ်ကိုဘဲရွေးချယ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

Mocha

#Sport.thithtoolwin.com

Ref: Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment