Powered by Blogger.

ပရီးမီးယားလိဂ် ဖလားကို ပစ်မှတ်ထားနေတဲ့ မာတစ်



မန်ချက်စတာယူနိုက်တက်အသင်းရဲ့  ကွင်းလယ်လူ နီမန်ဂျာမာတစ်က ၎င်းတို့ အသင်း အနေနဲ့ ရာသီသစ် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုလိုက်ပါတယ်။ မန်ယူ အသင်းဟာ ယခင်နည်းပြဟောင်း ဖာဂူဆန် လက်ထက် ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး အမှတ်ပေးဇယား ၃ နေရာ ပိုပြီး ရပ်တည်မှု မကျ ဆင်းခဲ့ပေမယ့် ဖာဂူဆန် အနားယူသွားပြီးနောက်ပိုင်းမှာတော့ အမှတ်ပေးဇယား အဆင့် ၄၊ အဆင့် ၅ အဆင့် ၆ နေရာ အပြင် အဆင့် ၇ နေရာအထိ ကျဆင်းတဲ့ အနေအထား ဖြစ်ခဲ့ပါတယ်။

မန်ယူ အသင်း နည်းပြ မော်ရင်ဟို ရောက်လာချိန်မှာတော့ မန်ယူ အသင်းဟာ ပြီးခဲ့တဲ့ ရာသီမှာ EFL Cup နဲ့ ယူရိုပါလိဂ် ဖလားကို ရရှိခဲ့ပြီး FA ကွန်မြူနတီဒိုင်းကိုလည်း ရရှိခဲ့တာ ဖြစ်ပါတယ်။ မန်ယူ အသင်းဟာ ယခုနွေရာသီမှာ လင်ဒီလော့ဖ်၊ လူကာကူ အပြင် မာတစ်တို့ ၃ ဦးကို ခေါ်ယူ အားဖြည့်ထားခဲ့တာလည်း ဖြစ်ပါတယ်။ မန်ယူ အသင်း ကွင်းလယ်လူ နီမန်ဂျာမာတစ်ဟာ ချဲလ်ဆီး အသင်းမှာ နည်းပြ မော်ရင် ဟိုနဲ့ လက်တွဲခဲ့ပြီး ဆုဖလားတွေလည်း ရရှိထားခဲ့သူ ဖြစ်ပါတယ်။

မာတစ်က တနင်္ဂနွေနေ့မှာ အရမ်းကို အရေးပါနေတဲ့ ၀က်စ်ဟမ်း အသင်းနဲ့ ပွဲ ရှိနေလို့ ကျွန်တော် အခုအချိန်မှာ ကောင်းကောင်း နားနေ ရပါမယ်။ ၀က်စ်ဟမ်း အသင်းနဲ့ ပွဲက ကျွန်တော်တို့ အတွက် ရာသီအစ ဖြစ်ပြီး သိပ်ကို အရေး ကြီးတဲ့ ပွဲစဉ် တစ်ခုပါ။ နောက်ပြီး အသင်းဟာလည်း ချန်ပီယံဆု အတွက်ကို ပစ်မှတ်ထားနေတာပါလို့ ဆိုပါ တယ်။


Mocha

#sport.thithtoolwin.com

Ref: daily mail





Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment