Powered by Blogger.

ကစားသမားသစ်ထပ်မံလိုအပ်နေဟု ပြောကြားလိုက်တဲ့ ချဲလ်ဆီးနည်းပြကွန်တီ




ချဲလ်ဆီးအသင်းနည်းပြ ကွန်တီက သူ့အသင်းတိုးတက်ဖို့အတွက်ကစားသမားသစ်ထပ်မံလိုအပ်သေးကြောင်းပြောလိုက်ပါတယ်။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့တစ်ပတ်က စပါးကိုနိုင်ခဲ့တဲ့အပြင် မနေ့ ညကလည်း အဲဗာတန်ကို ၂-၀ နဲ့နိုင်ခဲ့ပါတယ်။ ဒီ ၂သင်းစလုံးဟာ ကစားရခက်တဲ့အသင်းတွေဖြစ်လို့ ချဲလ်ဆီးတိုးတက်လာတာမှန်ပေမယ့် ကစားသမားသစ်ထပ်လိုသေးတယ်လို့ အဲဗာတန်နဲ့ပွဲအပြီးမှာ ကွန်တီကပြောခဲ့ပါတယ်။

သူက“ဈေးကွက်ပိတ်ဖို့ ရက်နည်းနည်းလိုပါသေးတယ်။ အသင်းကိုအင်အားဖြည့်တင်းဖို့ကလပ်ဘက်ကကြိုးစားပေးမယ်လို့လည်းယုံကြည်ပါတယ်။လက်ရှိလူစာရင်းနဲ့တော့ပြိုင်ပွဲတိုင်းမှာမလွယ်ပါဘူး။ ဒီကနေ့ခြေစွမ်းကိုကျေနပ်ပြီးပြိုင်ဘက်ကို လွှမ်းမိုးနိုင်ခဲ့သလို အခွင့်အရေးတွေလည်းရခဲ့တာပါ။ပြောစရာတစ်ခုကတော့ ဂိုးရှေ့မှာပိုပြီး သေချာဖို့လိုပါတယ်”လို့ပြောခဲ့ပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment