Powered by Blogger.

ပရီးမီးယားလိဂ်ရဲ့(၂၃)နှစ်ကြာ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တဲ့ အမ်ခီတာရန်



မန်ယူကစားသမား အမ်ခီတာရန် ပရီးမီးယားလိဂ်၏ (၂၃)နှစ်ကြာ စံချိန်တစ်ခုကို အမီလိုက်နိုင်ခဲ့ကြောင်းသိရသည်။ ယင်းစံချိန်မှာ ရာသီအစ ပွဲစဉ်(၃)အပြီးတွင် ဂိုးဖန်တီးမှု (၅)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သော စံချိန်ဖြစ်ကြောင်းသိရသည်။

 ၁၉၉၄-၉၅ ခုနှစ် က အင်္ဂလန်လက်ရွေးစင်ဟောင်း ရူးလ်ဖောက်ဇ်က နယူးကာဆယ်အတွက် ကစားပေးရင်း ပွဲစဉ်(၃)အပြီး ဂိုးဖန်တီးမှု (၅)ကြိမ်အထိ ပြုလုပ်ကာ စံချိန်တင်ထားခြင်းဖြစ်သည်။

ရူးလ်ဖောက်ဇ်၏စံချိန်ကို (၂၃)နှစ်ကြာမှ အမီလိုက်နိုင်သည့် ကစားသမား ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ မက်ခီတာရန်သည် ပွဲစဉ်(၂)အပြီးတွင် ဂိုးဖန်တီးမှု (၄)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ယမန်နေ့ညက လက်စတာစီးတီးနှင့် ပွဲစဉ်တွင်လည်း ရက်ခ်ျဖို့ဒ်သွင်းယူခဲ့သည့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့သည့်အတွက် ရူးလ်ဖောက်ဇ်၏စံချိန်ကို အမီလိုက်နိုင်ခဲ့ခြင်းဖြစ်သည်။


Mocha

#sport.thithtoolwin.com

Ref: bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment