Powered by Blogger.

ဝက်စ်ဘရွန်းအသင်းကို ၁နှစ်စာချုပ်နဲ့ ပြောင်းရွေ့ သွားတဲ့  အဲဗာတန်အသင်းရဲ့ ကွင်းလယ်လူ ဂါရက်ဘယ်ရီ



အဲဗာတန်အသင်းရဲ့ ကွင်းလယ်လူဂါရက်ဘယ်ရီကို ၀က်စ်ဘရွန်းအသင်းကခေါ်ယူလက်မှတ်ထိုးလိုက်တယ်လို့ သိရပြီးပြောင်းရွေ့ ကြေးကိုတော့ကလပ်အသင်းဘက်ကအတိကျဖော်ပြထားခြင်းမရှိသေးပါဘူး။

အသက် ၃၆နှစ်အရွယ်ရှိတဲ့ ကွင်းလယ်ကစားသမားဟာ အက်စတွန်ဗီလာ ၊မန်စီးတီးအသင်း ၊အဲဗာတန်အသင်းတို့ နဲ့အတူပရီးမီးယာလိဂ်မှာ ၂၁ရာသီကြာကစားပြီး ပွဲပေါင်း ၆၂၈ပွဲအထိကစားပေးခဲ့တာကိုတွေ့ ရပါတယ်။

ဂါရက်ဘယ်ရီဟာ ပရီးမီးယာလိဂ်မှာပွဲအများဆုံးကစားထားတဲ့ ရိုင်ယန်ဂစ်ရဲ့ ၆၃၂ပွဲစံချိန်ကို ကျော်လွန်ဖို့ နောက်ထပ်ပရီးမီးယာလိဂ်ငါးပွဲသာကစားရန်လိုတော့တာဖြစ်တယ်လို့ သိရပါတယ်။

ဘယ်ရီဟာပရီးမီးယာလိဂ်အဖွင့်ပွဲစဉ်ဖြစ်တဲ့ စတုတ်စီးတီးနဲ့ပွဲစဉ်ကိုလွဲချော်ခဲ့ပြီးပွဲကစားခွင့်များများလို့ချင်တာကြောင့်  ၀က်စ်ဘရွန်းအသင်းကို ၁နှစ်စာချုပ်ဖြင့်ပြောင်းရွေ့ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဝက်စ်ဘရွန်းအသင်းဟာ ယခုအပြောင်းအရွေ့ မှာ ကားသမားလေးဦးအထိခေါ်ယူအားဖြည့်ထားတာကိုတွေ့ ရပါတယ်။

Mocha

#sport.thithtoolwin.com

Ref: bbc

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment