ပေါင်(၄၅)သန်းနဲ့ ဆီဂတ်ဆန်ကို ခေါ်ယူလိုက်တဲ့ အဲဗာတန်
အဲဗာတန်အသင်းဟာ ဆွမ်ဆီးအသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဆီဂတ်ဆန်ကို ခေါ်ယူနိုင်ခဲ့ပြီလို့သိရပြီး ယနေ့မှာ ဆေးစစ်မှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အဆိုပါ အသက် (၂၇)အရွယ် အိုက်စလန်နိုင်ငံသားကို အစောပိုင်းကတည်းက နှစ်ကြိမ်တိုင်ကြိုးစားခဲ့မှု မအောင်မြင်ခဲ့ပဲအခုနောက်ဆုံးမှသာ ပေါင်(၄၅)သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
သန်း(၄၀)ကို ချက်ချင်းပေးချေခဲ့ရပြီး အောင်မြင်မှုအလိုက် ပေါင်(၅)သန်း ထပ်မံပေးချေရမှာဖြစ်ပါတယ်။အဲဗာတန်အသင်းဟာ ယူခုနှစ်မှာ လူဖြည့်တင်းမှုများ အကောင်းစားပြုလုပ်လျှက်ရှိနေပြီး ပစ်ဖေါဒ့်၊ မိုက်ကယ်ကိန်း၊ ကယ်လက်ဆန် နဲ့ အခု ဆီဂတ်ဆန် အပါအ၀င် ပေါင်(၁၃၁)သန်းထိ သုံးဆွဲပြီးဖြစ်တယ်လို့ သိရပါတယ်။
Mocha
#sport.thithtoolwin.com
Ref: daily mail
0 comments :
Post a Comment