Powered by Blogger.

ဟော့ဖန်ဟိန်းနဲ့  ကစားမယ့်ချန်ပီယံလိဂ်ခြေစစ်ပွဲ လူစာရင်းမှာပါဝင်လာခဲ့ခြင်းမရှိတဲ့ ကော်တင်ဟို



ဘာစီလိုနာအသင်းကခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ လီဗာပူးအသင်းရဲ့ ကွင်းလယ်ကစားသမားကော်တင်ဟိုဟာ ဟော့ဖန်ဟိန်းအသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ဝင်ခွင့်  play off ပွဲစဉ်အတွက် ဂျာမဏီသို့ သွားရောက်မယ့် အသင်းရဲ့ လူစာရင်းမှာပါဝင်လာခဲ့ခြင်းမရှိပါဘူး။

ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုကိုအရခေါ်ယူဖို့ အသည်းအသန်ကြိုးစားနေပြီး ကစားသမားကိုယ်တိုင်ကလည်း အသင်းကနေထွက်ခွာခွင့်တောင်းထားတယ်လို့ သတင်းတွေ ထွက်လျက်ရှိနေပါတယ်။
ဘရာဇီးကစားသမားဟာ လတ်တလောမှာ နောက်ကျောဒဏ်ရာပြသနာကြောင့် ဝက်ဖို့ အသင်းနဲ့ ကစားတဲ့ ပရီးမီးယာလိဂ်အဖွင့်ပွဲစဉ်ကိုလွဲချော်ခဲ့ပါတယ်။

နည်းပြဂျာဂန်ကလော့ကတော့ ကော်တင်ဟိုအသင်းကနေထွက်ခွာဖို့ ဆိုတာအသင်းပိုင်ရှင်တွေရဲ့ ဆုံးဖြတ်ချက်ကသာ အဓိကဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။


Mocha

#sport.thithtoolwin.com

Ref: mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment