Powered by Blogger.

ယူရို သန်း၄၀ဖြင့် ပေါ်လင်ဟိုကိုခေါ်ယူလိုက်တဲ့ ဘာစီလိုနာ


ဘာစီလိုနာအသင်းဟာ ကွမ်းကျိုးအဲဗားဂရင်းအသင်းက ဘရာဇီးကွင်းလယ်လူ ပေါ်လင်ဟိုကို ပေါင် ၃၆.၅သန်းနဲ့ခေါ်ယူဖို့သဘောတူညီချက်ရရှိသွားပြီလို့သိရပါတယ်။ကွမ်းပကျိုးအသင်းကို ၂၀၁၅ ကတည်းကရောက်ရှိနေတဲ့ ပေါ်လင်ဟိုဟာ တရုတ်မှာခြေစွမ်းပြနေတဲ့သူဖြစ်ပြီး သူ့ကိုနွေရာသီဈေးကွက်စတင်ဖွင့်လှစ်ကတည်းက ခေါ်ယူဖို့ကြိုးစားနေခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာဟာသူ့ကိုစတင်ကမ်းလှမ်းကတည်းကပေါင် ၁၇ သန်းသာပေးခဲ့တာပါ။ဒါပေမယ့်ဂွမ်ဇူးကပယ်ချခဲ့လို့ အခုလို ပေါင် ၃၆.၅သန်းအထိရှိသွားတာပါ။သူ့ကိုလာမယ့်ကြာသာပတေးနေ့တွင် ဆေးစစ်မူခံယူမယ်လို့သိရပါတယ်။

Mocha

#sport.thithtoolwin.com

Ref: goal.com

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment