Powered by Blogger.

ဂါရက်ဘေးလ်ကို ခေါ်ယူရန်လက်လျော့လိုက်ပြီဖြစ်တဲ့  မော်ရင်ဟို



မန်ယူ အသင်း နည်းပြ မော်ရင်ဟိုက ၎င်းတို့ အသင်း အနေနဲ့ ရီးရဲလ်မက်ဒရစ် အသင်း ကစားသမား ဖြစ်သူ ဂါရတ်ဘေးလ်ကို ခေါ်ယူမယ့် မျှော်လင့်ချက်များ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ မန်ယူ အသင်း နည်းပြ မော်ရင်ဟိုဟာ ရီးရဲလ်မက်ဒရစ် အသင်း အနေနဲ့ ဂါရတ်ဘေးလ်ကို ထုတ်ရောင်းမယ်ဆိုပါက ၎င်းအနေနဲ့ ခေါ်ယူမှာ ဖြစ်ကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် မန်ယူ အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဥရောပ စူပါဖလား ပွဲစဉ်မှာတော့ ဂါရတ်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ပွဲထွက် လူစာရင်းမှာ ပါဝင်လာ ခဲ့ပါတယ်။ မန်ယူ အသင်း နည်းပြ မော်ရင်ဟိုက ပွဲအပြီးမှာတော့ ဂါရတ်ဘေးလ်နဲ့ ပတ်သက်ပြီး သူ အသင်းမှာ ဆက်လက် ရှိနေတော့မယ်ဆိုတာ အားလုံး သိနေသလိုပါဘဲလို့ ပြောကြားခဲ့ပါတယ်။

 ယင်းနောက် ရီးရဲလ် မက်ဒရစ် အသင်း ဥက္ကဌ ဖြစ်သူ ပီရက်ဇ်က စပိန်လာလီဂါ ချန်ပီယံ ၎င်းတို့ အသင်း အနေနဲ့ ဂါရတ်ဘေးလ်ကို ရောင်းထုတ်ဖို့ အစီအစဉ် မရှိကြောင်း စပိန် မာကာ သတင်းစာကနေ တစ်ဆင့် ပြောဆိုခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

Mocha

#sport.thithtoolwin.com

Ref: bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment