Powered by Blogger.

လူကာကူနဲ့မာတစ်တို့ ရဲ့ ခြေစွမ်းကိုမော်ရင်ဟို ချီးကျူးစကားဆို



မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ရီးရဲလ်နဲ့ကစားခဲ့တဲ့စူပါဖလားပွဲစဉ်မှာလူကာကူနဲ့ မာတစ်တို့ဟာခြေစွမ်းပြနိုင်ခဲ့တယ်ဆိုပြီးချီးကျူးစကားဆိုလိုက်ပါတယ်။ ဒီပွဲမှာ မန်ယူဟာ ၂-၁ နဲ့ရှုံးခဲ့ပြီးလူကာကူဟာ ချေပဂိုးတစ်ဂိုးသွင်းယူပေးခဲ့တယ်ဆိုပေမယ့် အပိုင်ဂိုးသွင်းခွင့်ကို လွဲချော်ခဲ့သေးသူပါ။

မာတစ်ဟာခြေစွမ်းပြနိုင်ခဲ့ပေမယ့် ကက်စ်မဲရိုးရဲ့အဖွင့်ဂိုးနဲ့ပတ်သက်ပြီး သူ့မှာအားနည်းချက်ရှိခဲ့တာပါ။မော်ရင်ဟိုက”လူကာကူရဲ့ခြေစွမ်းကိုကျွန်တော်ကျေနပ်ပါတယ်။သူဟာ ကမ္ဘာ့အကောင်းဆုံး ဗဟိုနောက်ခံလူနှစ်ယောက်ကြားထဲမှာလှုပ်ရှားခဲ့ရတာပါ။အပိုင်ဂိုးသွင်းခွင့်လွဲပေမယ့် သူဂိုးသွင်းခဲ့တာဘဲမဟုတ်လား”လို့ပြောသွားပါတယ်။

ကက်စ်မဲရိုးဟာလူကျွံအနေအထားကနေဂိုးသွင်းခဲ့တာဖြစ်ပေမယ့် အစ္စကိုနဲ့ဘေးလ်းတို့ရဲ့ ၀မ်းတူးတွဲလုံးကို မာတစ်မတားနိုင်ခဲ့မှုကနေတစ်ဆင့်ဖြစ်သွားတာပါ။ဒါပေမယ့်မော်ရင်ဟိုကမာတစ်ဟာ အကောင်းဆုံးကစားသွားနိုင်ခဲ့ပြီး သူ့ကြောင့်အသင်းဟာတည်ငြိမ်ခဲ့တယ်လို့ပြောခဲ့ပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment