Powered by Blogger.

ကွင်းလယ်လူ ဘာကလေ အသင်းမှထွက်ခွာရှိနေတယ်လို့  ပြောဆိုလိုက်တဲ့ အဲဗာတန်နည်းပြ ကိုလ်းမန်း


အဲဗာတန်အသင်းရဲ့ ကွင်းလယ်ကစားသမား ဘာကလေသာ စိန်ခေါ်မှုအသစ်များကို ရှာဖွေလိုလျက်ရှိနေပြီ အသင်းမှထွက်ခွာရန် ရာနှုန်းပြည့်သေချာကြောင့် အဲဗာတန်အသင်း နည်းပြ ကိုလ်မန်းက ပြောဆိုလိုက်ပါတယ်။ အသက် ၂၃ နှစ် အရွယ်ရှိတဲ့ ဘာကလေဟာ အသင်း နှင့် စာချုပ်သက်တမ်း ၁ နှစ် ကျန်သော်လည်း စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်းမရှိသေးပါဘူး။

 အဲဗာတန်အသင်းဟာ ဆွမ်းဆီးကွင်းလယ်လူ ဆီဂတ်ဆန် ကိုခေါ်ယူရန် စိတ်ဝင်စားလျက်ရှိနေပြီး ဆီဂတ် ဆန် အတွက် ပေါင် ၄၀ သန်းဖြင့်ကမ်းလှမ်းမှု ပယ်ချခံရကြောင်းသိရပါတယ်။ ဘာကလေအေတွက်ပြောင်းရွေကြေးပေါင် ၅၀ သန်းရလိုသော်လည်း ဘာကလေမှာအသင်း နှင့် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိသဖြင့် အပြောင်းအရွေကာလ မပိတ်ခင် အသင်းမှအလွတ်ပြောင်းရွေကြေးဖြင့်ထွက်ခွင့်ရဖွယ်ရှိနေပါတယ်။

 ဘာကလေ သည် ရာသီကုန်ချိန်က စိန်ခေါ်မှု အသစ်တွေရလိုကြောင်း နည်းပြ ကိုလ်မန်းကို ပြောဆိုထားပြီး အသင်းမှထွက်ခွင့်တောင်းဆိုထားကြောင်း ဗြိတိန် အခြေစိုက်သတင်းစာများကဖော်ပြထားတာကိုတွေ့ ရပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment