Powered by Blogger.

မက်ဆီ၊ ရော်နယ်ဒို၊ နေမာတို့နဲ့ ပေါ့ဘာတစ်တန်းထဲဖြစ်လာပြီလို့ မော်ရင်ဟိုဆို



မန်ယူနည်းပြ မော်ရင်ဟိုဟာ သူ့အသင်းက ကွင်းလယ်လူ ပေါ့ဘာအနေနနဲ့ လီယွန်နယ်မက်ဆီ၊ ရော်နယ်ဒို၊ နေမာတို့နဲ့ စွမ်းဆောင်ရည်တွေ တူညီလာပြီလို့ ဘာစီနဲ့ ပွဲစဉ်အပြီးမှာ ဖွင့်ဟပြောကြားခဲ့ပါတယ်။

မော်ရင်ဟိုက Pre season Tour အနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ ကျင်းပနေတဲ့ ICC ပွဲစဉ်မှာ ၁-၀ နဲ့ စပိန်ဘီလူးကို ရှုံးနိမ်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ အခုလို ဖွင့်ဟခဲ့တာပါ။

မော်ရင်ဟိုက အသက် ၂၄နှစ်အရွယ် ပြင်သစ်လက်ရွေးစင်အကြောင်း မေးမြန်းရာမှာ “မက်ဆီ၊ နေမာ၊ ရော်နယ်ဒိုတို့လိုကစားသမားတွေမှာ ကိုယ်ပိုင်ပုံစံတွေရှိပါတယ်။ သူတို့ဟာ အလွန်ကျွမ်းကျင်တဲ့ တစ်ဦးချင်းစွမ်းရည်တွေကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် သူတို့က ကလပ်တစ်ခုထဲအတွက်ပဲ ကစားနိုင်တာပါ။ ဒါကြောင့်သူတို့ကို ကျွန်တော်မရနိုင်ပါဘူး။ ဒီနေ့တော့ ကျွန်တော့်ကစားသမားတစ်ယောက်ဖြစ်တဲ့ ပေါလ်ပေါ့ဂ်ဘာဟာ သူ့အဆင့်ကိုပြသခဲ့ပါတယ်။ သူက သူတို့ရဲ့ အဆင့်ရှိတယ်ဆိုတာကို ပြသခဲ့ပါတယ်” လို့ ဆိုခဲ့တာပါ။

Brucee


#sport.thithtoolwin.com

 Ref: goal.com

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment