Powered by Blogger.

ဘိုင်ယန်မြူးနစ်အသင်းကို ၂ ရာသီအငှားစာချုပ်နဲ့ရောက်ရှိသွားတဲ့ ဂျိမ်းရိုဒရီဂွက်ဇ်


ဘိုင်ယန်မြူးနစ်အသင်းဟာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ၂ နှစ်အငှားစာချုပ်နဲ့ခေါ်ယူလိုက်ပါပြီ။သူရဲ့ခြေစွမ်းကို နှစ်သက်ရင်ဘိုင်ယန်ကအပြီးအပြတ်ခေါ်ယူခွင့်လည်းရရှိထားပါတယ်။ ကိုလံဘီယာလက်ရွေးစင် ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကိုခေါ်ယူရေးက နည်းပြ အန်ဆလော့တီရဲ့ဆန္ဒဖြစ်တယ်လို့ ကလပ်အမှုဆောင်အရာရှိ ရူမင်နစ်ဂီကပြောပါတယ်။

ဂျိန်းရိုဒရီဂွက်ဇ်ကို မန်ယူ၊ချဲလ်ဆီး အစရှိတဲ့အသင်းတွေကခေါ်ယူမယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် ဘိုင်ယန်ကသာအံအားသင့်ဖွယ်ရာခေါ်ယူသွားတာပါ။သူ့ကိုအငှားခေါ်မှုအတွက် ဘိုင်ယန်ဟာ ရီးရဲလ်ကိုပေါင် ၉ သန်းပေးရမှာဖြစ်ပြီး အပြတ်ခေါ်ချင်တယ်ဆိုရင်တော့ ပေါင် ၃၁ သန်းထပ်ပေးရမယ်လို့လည်းသိရပါတယ်။အန်ဆလော့တီဟာ ရီးရဲလ်ကိုကိုင်တွယ်စဉ်တုန်းက ဂျိန်းရိုဒရီဂွက်ဇ်ကိုခေါ်ယူခဲ့တာဖြစ်ပြီး အခုတော့ သူတို့တွေပြန်လည်ပေါင်းစည်းနိုင်ပြီဖြစ်ပါတယ်။

 Mocha

#sport.thithtoolwin.com

 Ref:daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment