Powered by Blogger.

မန်ယူအသင်းဟာ အသင်းခေါင်းဆောင်အဖြစ်မိုင်ကယ်ကာရစ်ကို ခန့်အပ်


မန်ချက်စတာယူနိုက်တက်အသင်းဟာဝိန်းရူနီနေရာမှာ အစားထိုးရမယ့် အသင်းခေါင်းဆောင်အဖြစ် ၀ါရင့်ကွင်းလယ်လူ မိုက်ကယ်ကာရစ်ကို ခန့်အပ်လိုက်ပါတယ်။အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ကာရစ်ဟာ ၂၀၀၆ခုနှစ်က ကစပါးအသင်းကကနေမန်ယူအသင်းကိုရောက်ရှိလာတာဖြစ်ပြီး လက်ရှိမန်ယူအသင်းသားတွေထဲမှာ သက်တမ်းအရှည်ဆုံးကစားသမားလည်းဖြစ်လာခဲ့ပါတယ်။

ယခုလိုအသင်းခေါင်းဆောင်အဖြစ်ခန့်အပ်ခံရတာဟာ ကြီးကျယ်ခမ်းနားလှပြီးတကယ့်ကိုဂုဏ်ယူရပါတယ်လို့ကာရစ်ကပြောပါတယ်။ဒါ့အပြင် ကာရစ်က မန်ယူမှာ ဒီလောက်အကြာကြီးနေရမယ်လို့ စိတ်မကူးခဲ့သလို ပြောစရာရှိမှသာ စကားပြောမှာဖြစ်ပြီး တည်ငြိမ်စွာနဲ့ စံပြအသင်းခေါင်းဆောင်အဖြစ်လည်းနေထိုင်သွားမယ်လို့ဆိုခဲ့ပါတယ်။ကာရစ်ဟာမန်ယူအတွက်  ၄၅၉ ပွဲကစားပေးခဲ့သူဖြစ်ပါတယ်။

Mocha

#sport.thithtoolwin.com

Ref:daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment