Powered by Blogger.

ကော်တင်ဟိုကို ယူရိုငွေသန်း၈၀ နဲ့ ကမ်းလှမ်းလိုက်တဲ့ ဘာစီလိုနာ



စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းဟာ လီးဗာပူးအသင်းရဲ့  ဘရာဇီးကွင်းလယ်ကစားသမား ဖီလစ်ပီကော်တင်ဟို ယူရိုငွေသန်း ၈၀ဖြင့်ကမ်းလှမ်းလိုက်တယ်လို့သိရပါတယ်။

လီဗာပူးအသင်းဟာ အဆိုပါအသက် ၂၅နှစ်အရွယ်ကစားသမားကိုပြီးခဲ့တဲ့ရာသီတုန်းက ၂၀၂၂ခုနှစ်အထိသက်တမ်းရှိတဲ့နှစ်ရှည်စာချုပ်ချုပ်ဆိုထားတာဖြစ်ပါတယ်။ဒါကြောင့်လီဗာပူးအသင်းဟာ ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမူကိုငြင်းပယ်ဖွယ်ရှိနေတယ်လို့သိရပါတယ်။

ဘာစီလိုနာအသင်းဟာအဆိုပါ ဘရာဇီးသားကိုအသင်းရဲ့ ဝါရင့်ကွင်းလယ်လူ အင်နီယေစတာရဲ့ နေရာမှာအစားထိုးလိုနေတာဖြစ်ပါတယ်။ကော်တင်ဟိုကို ဘာစီလိုနာအသင်းဟာပြီးခဲ့တဲ့ ရာသီကတည်းက အဓိကပစ်မှတ်ထားခဲ့ပြီး နိုင်ငံအသင်းဖော်နေမာကလည်း ဖီလစ်ပီနဲ့တွဲကစားခွင့်ရဖို့ မျှော်လင့်နေပါတယ်။

ဘာစီလိုနာဟာ ၂၀၁၄ခုနှစ်တုန်းက အသင်းရဲ့တိုက်စစ်မူးလူးဝစ်ဆွာရက်ကို လီဗာပူးအသင်းကနေ စံချိန်တင်ပြောင်းရွေ့ ကြေးဖြင့်ခေါ်ဆိုထားတာဖြစ်ပါတယ်။

 Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment