ပီအက်စ်ဂျီအသင်းရဲ့ ကွင်းလယ်လူ ဗာရက်တီဟာ နာမည်ကျော်အေးဂျင့်ဖြစ်တဲ့ ရွိုင်အိုလာနဲ့ လက်တွဲလိုက်တာကြောင့် မန်ယူအသင်းကိုရောက်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပါတယ်။
ဗာရက်တီဟာ ပီအက်စ်ဂျီအသင်းကိုဝေဖန်ခဲ့တဲ့ သူ့ရဲ့အရင်အေးဂျင့် နဲ့လမ်းခွဲပြီး ရွိုင်အိုလာနဲ့လက်တွဲ်ခဲ့တာပါ။ ဒီနယ်သာလန်အေး၈ျင့်ဟာ မန်ယူအသင်းနဲ့ဆက်ဆံရေးကောင်းမွန်ပြီး ပေါ့ဂ်ဘာ၊အီဘရာဟီမိုဗစ်၊ခီတာယန်နဲ့ လူကာကူတို့ကိုမန်ယူရောက်အောင်လုပ်ပေးနိုင်ခဲ့သူပါ။
ဗာရက်တီကိုဘာစီလိုနာအသင်းကခေါ်ဖို့ရေပန်းစားနေပေမယ့် လက်ရှိအနေအထားအရ မန်ယူအသင်းမှာလည်းအခွင့်အရေးရှိနေတာဖြစ်ပါတယ်။
Mocha
#sport.thithtoolwin.com
Ref
0 comments :
Post a Comment